Local News

မြိုလုံးကျွတ်နီးပါး မြို့ကိုစွန့်ခွာ ထွက်ပြေး တိမ်းရှောင်သွားပြီဖြစ်တဲ့ ရင်နစ်ဖွယ်ရာ ထန်တလန်မြို့

ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် စက်တင်ဘာ ၁၈ ရက်က စစ်ကောင်စီ တပ်များမှ မြို့တွင်းသို့ လက်နက်ကြီးများဖြင့်

ပစ်ခတ်မှုများကြောင့် နေအိမ် ၁၉လုံး မီးလောင်ပျက်စီးခဲ့ရပြီး TCBCအသင်းတော် ပါစတာ ကျုံးဗျက်ဟုမ် သေဆုံးခဲ့ပြီးနောက်

မြို့‌နေပြည်သူများအားလုံးနီးပါး မြို့ကိုစွန့်ခွာ သွားကြပြီဟု သိရသည်။

မြို့ထဲက ထွက်နေကြတာတော့ အရင်နေ့တွေထဲက ထွက်သွားနေကြတာ ဒီနေ့မှာတော့ အားလုံးနီးပါး ထွက်သွားကြတာ ဖြစ်တယ်။

မြို့ထဲကနေ ထွက်တဲ့သူတွေကို မြို့မိမြို့ဖတွေ ဘာသာရေး အဖွဲ့အစည်းတွေကနေ ကူညီပေးနေကြတယ်။

အခုလောလောဆယ် မြို့ထဲမှာ အသက်ကြီးတဲ့ ဘိုးဘွားတွေနဲ့ နာမကျန်းဖြစ်တဲ့သူ လောက်ပဲကျန်ခဲ့မှာ’ ဟု ဒေသခံတစ်ဦးက ပြောသည်။

သည့်အပြင် ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်က ထန်တလန်မြို့ပေါ်တွင် စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့်

ကိုးလသားအရွယ် ကလေးတစ်ဦး ၁၅နှစ်အရွယ် မိန်းကလေးတစ်ဦး ၂၃နှစ် နှင့် ၅၅နှစ် အရွယ် အမျိုးသမီးနှစ်ဦး

စုစုပေါင်း အရပ်သားပြည်သူ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ် ထန်တလန်မြို့နယ်မှ ထွက်ပြေးလာသူများကိုလည်း ထန်တလန်မြို့နှင့် အနီးဆုံးဖြစ်သည့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်

သိန်စိုင် ကျေးရွာတွင် စစ်ဘေးရှောင်များ နေရာချပေးနိုင်ရန် ရပ်ကွက်တစ်ခုတိုးချဲ့ ပေးနေကြောင်းလည်း သိရသည်။

Credit