Cele News

ပိုက်ဆံ သိန်း ၃၀မပေးနိုင်လို့ အိမ်ပေါ်က နှင်ချခံခဲ့ရတဲ့ အကြောင်း ပြောပြလာခဲ့တဲ့ ညီနန္ဒ

သရုပ်ဆောင် ညီနန္ဒကတော့ သရုပ်ဆောင် မင်းသားဘဝနဲ့ နှစ်ပေါင်းများစွာ ပီပြင်စွာ

သရုပ်ဆောင် နိုင်ခဲ့တဲ့အတွက် ပရိသတ်တွေရဲ့ ချစ်ခြင်းကို ရရှိနေသူတစ်ဦးပါ

ယခုရက်ပိုင်း မီဒီယာတွေ့ဆုံမှု တစ်ခုမှာတော့ညီနန္ဒ က ပိုက်ဆံ သိန်း ၃၀ မပေးနိုင်လို့ အိမ်ပေါ်က နှင်ချခံခဲ့ရတဲ့ အကြောင်း ပြောပြလာခဲ့တာပါ

အဲ့ဒါကတော့ ဘုရားတရား ကျေးဇူးပါပဲ ညီလေးရေ ၂၀၁၈ ကိုယ်ရန်ကုန်ကို ပြန်ရောက်လာတဲ့ အချိန်မှာ ကိုယ့်ကိုကိုယ် လိပ်ပြာမသန့်ဘူး

သိမ်ငယ်တယ် လူကြားထဲလည်း သိပ်မသွားချင်ဘူး အဲ့လိုမျိုးအချိန်မှာ ကိုယ် ဘုရားတရားကိုပဲသစ္စာဆိုပြီး လုပ်ဖြစ်တယ်။

ကိုယ့်ရဲ့ သစ္စာ မှန်လို့ ဒီနေရာလေးကိုယ်ပြန်ရလာတဲ့ အချိန်မှာအရင်တုန်းက မိတ်ဆွေဟောင်းတွေပေါ့ ဒီမိတ်ဆွေဟောင်းတွေက

ကိုယ်ကသာ လိပ်ပြာမသန့်လို့ ဒီလူတွေနဲ့ တွေ့ဖို့ မဝံ့မရဲ ဖြစ်နေတာ အားလုံးက Welcome ပဲ။
အဲ့ဒီအချိန် ၂၀၁၈ ကနေ အခုအချိန်ထိမှာလည်း

မိတ်ဆွေကောင်းနဲ့ မိတ်ဆွေသစ် အများကြီး ရခဲ့တယ် အများကြီးကိုရခဲ့တာ အဲ့ဒီထဲမှာမှ အကောင်းဆုံးဆိုရင် ကိုယ်တို့ရဲ့ အခုစီးနေတဲ့

ကားကို ဖြစ်အောင်လို့ လုပ်ပေးလိုက်တဲ့ ကိုယ်အမြဲ Facebook မှာကိုယ်ရေးတဲ့ မွေးစားအဖေ ဆိုတာပေါ့နော်။

ကိုယ့်ထက်အသက်အများကြီး ကြီးတာကိုး ကိုအောင် မမိုးဆိုတာလေ သူတို့ဆိုရင် တကယ့် မိတ်ဆွေကောင်းပဲ အံ့ဩစရာ ကောင်းတယ်

ညီလေးရာ ကိုယ်တို့ Taxi စီးနေရတာကို မကြည့်ရက်လို့တဲ့ ကိုယ်တို့ကို စီစဉ်ပေးတယ် ကားငှားစီးတဲ့ Amount လေးသိန်းကျော်

လောက်လေးနဲ့ပဲ လစဉ် သွင်းပြီး
ဒီကားလေး ပိုင်ခဲ့တာပေါ့နော် ဒီလို မိတ်ဆွေကောင်း တွေရတယ်။

နောက် ညီမလေး ဆုပန်ထွာနဲ့ ကိုဥက္ကာကျော် ဆိုရင်လည်း အဲ့ဒီကာလမှာ ပိုက်ဆံပြတ်ရင် ၃ ၄ ၅ သိန်းဆို ချက်ချင်း ထုတ်ပေးတယ်

နောက်ကျတော့ ကိုယ်ပြတ်ခါနီးဆိုရင် ကိုဥက္ကာတို့ရှိတာပဲဆိုပြီး စိတ်အားတင်းနိုင်တဲ့ အထိ စိတ်ခွန်အားတွေ ပေးခဲ့တယ်။

လွန်ခဲ့တဲ့ တစ်နှစ်လောက်ဆိုရင် အိမ် လ ခ ၆ လစာပေးဖို့ကို သိန်း ၃၀ ကျော်ပေါ့နော် ပေးဖို့ကို ရက်ရွှေ့တာ လုံးဝအိမ်ရှင်က

အိမ်ပေါ်ကနှင်ချတယ် ညီလေး မပေးနိုင်ရင် ဆင်းတော့ ဆိုတော့ အဲ့ဒီမှာ ပြာယာတွေခတ်ပြီး ဟိုလူ့ကယ်ပါ ဒီလူ့ကယ်ပါနဲ့ အဲ့ဒီအချိန်မှာ

ကိုယ့်သမီးလေးကလည်း အစာအိမ်ယောင်ပြီးတော့ ဆေးရုံတင်ရတယ် သမီးလေးအတွက် ရှစ်သိန်းလောက်ကုန်ခဲ့တယ်။

အဲ့ဒီအချိန်မှာ ဆိုရင်လည်း ခုနကပြောခဲ့တဲ့ ကိုယ့်မွေးစားအဖေနဲ့အမေ ဆုပန်ထွာနဲ့ ကိုဥက္ကာ ပြီးတော့ စည်ဖြိုး အိမ်အထိကိုလာပြီး

ငွေလာပေးသွားတာ ကိုယ်ခရီးထွက်နေတာအဲ့ချိန်မှာ ကိုယ့်မှာပြာယာတွေခတ်နေတာ ကိုယ်တို့ရုပ်ရှင် အစည်းအရုံးနဲ့ ရေနံချောင်းမှာ

အပင်သွားစိုက်တဲ့အချိန် တယ်လီဖုန်းတွေ လိုက်ဆက်ရတာပေါ့ ကိုယ့်အမျိုးသမီးနဲ့ အိမ်ကလူကြီးတွေကိုလည်း ကိုယ်မပြောဘူး

ကိုယ့်ဟာကိုယ် ဖြေရှင်းတာ စည်ဖြိုးဆိုရင် အကိုရတယ် စိတ်ချဆိုပြီး ညီမလေး ခင်လွှမ်းနဲ့ အိမ်အထိ လာပေးသွားတာ နောက်ပြီးတော့

ယုန်လေး ယုန်လေးလည်း အကို့ကို နောက်ထပ် ၅ လလောက်မှရိုက်မယ့် Underground ဇာတ်ကားအတွက် ပိုက်ဆံကြိုထုတ်ပေးခဲ့တာ

ဒီဟာတွေသည် ကိုယ် အိမ်ဖိုး ဖြေရှင်းလိုက်နိုင်တယ်။နောက်ပြီးတော့ ကိုယ့်သမီးလေးဆေးရုံတက်ရတဲ့ ဖိုးလေးတွေ ကိုယ်ရှင်းလိုက်နိုင်တာ

အဲ့ဒီလို မိတ်ဆွေကောင်းတွေရှိလို့ အကိုဒီလို ရပ်တည်နိုင်တာပေါ့။

အခုကို နန္ဒထောပတ်ထမင်းဆိုရင်လည်း သူငယ်ချင်းတွေမိတ်ဆွေတွေ အကုန်လုံး ဝိုင်းကူညီပေးကြလို့ လူသိလာတာပါ

အကိုဒီလိုလေးပြန်ရပ်တည်နိုင်တာ မိတ်ဆွေ ကောင်းတွေရခဲ့တဲ့ အပြင် အကို ဘုရားတရားနဲ့သမာဓိကောင်းအောင် လုပ်ဆောင်ခဲ့လို့လည်းပါပါတယ် လို့ ပြောပြလာခဲ့တာ ဖြစ်ပါတယ်။

ညီနန္ဒကတော့ ဘဝကို ခက်ခဲစွာ ဖြတ်ကျော်ခဲ့ရတဲ့ အကြောင်း ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်

အဆုံးထိ ဖတ်ရှုပေးကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်နော်။

Credit