Knowledge

ယောင်္ကျားကပစ်သွား အိမ်ပိုင်ရှင်ကလည်း အိမ်ဌားခ မပေးနိုင်လို့ နှင်ချလိုက်တဲ့ကလေး ၄ယောက်နဲ့ အမျိုးသမီး

ယောင်္ကျားကပစ်သွား အိမ်ပိုင်ရှင်ကလည်း အိမ်ဌားခ မပေးနိုင်လို့ နှင်ချလိုက်တဲ့ကလေး ၄ယောက်နဲ့ အမျိုးသမီး

မြဝတီမြို့ကနေ မုဒုံမြို့ကို ပြန်စရာလမ်းစရိတ်မရှိလို့ ဒုက္ခရောက်နေရှာတဲ့ မိသားစုကို ပြည်သူတစ်ဦးက

လမ်းစရိတ်အပြင် အဝတ်အစားနဲ့ စားစရိတ်ပါ ကူညီပေးခဲ့ပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ အဆိုပါပြည်သူက ပြောပြတာက ယနေ့ ၁၁ ၉ ၂၀၂၁နံနက် အစောပိုင်းထဲက မြဝတီမြို့ မြေနီကုန်းလမ်းဆုံ

တက္ကစီဂိတ်တစ်ခုတွင် အမျိုးသမီး တစ်ဦးသည်ခလေး ၄ ယောက်နဲ့အတူ မွန်ပြည်နယ် မုဒုံမြို့သို့ပြန်ရန် ကားထိုင်စောင့်နေခဲ့တယ်။

ကားများက ရပ်ပေးသော်လည်း ဖော်ပြပါ အမျိုးသမီးမှာ ကားခပေးရန် ငွေတစ်ပြားမှ မရှိသည့်အတွက် မည်သည့် ကားသမားကမှ မတင်ဆောင်သွားကြဘူး ဖြစ်နေခဲ့တယ်။

ယခုညနေ ၃နာရီအချိန် ကျွန်တော်မှ ဖော်ပြပါ ခလေးအမေအား မေးမြန်းကြည့်သောအခါ မိမိသည် မေတ္တာလင်းမြိုင်တွင် အိမ်ဌားဘဝနဲ့

ခင်ပွန်းသည်နဲ့အတူတူ နေထိုင်ရင်း သားသမီးလေးယောက် မွေးဖွားခဲ့ကြောင်း ယခုအခါ မိမိအမျိုးသား ခင်ပွန်းသည်က မိမိတို့ကို

အဆက်အသွယ်မလုပ် ပစ်သွားတာ သုံးလေးလခန့်ရှိပြီးဖြစ်ကြောင်း ယခုအိမ်ရှင်က အိမ်လခမပေးနိုင်လို့

အိမ်ပေါ်က မောင်းချဆင်းခိုင်းသည့်အတွက် ယခုဆင်းလာပေးခဲ့ရကြောင်း

မိမိအား ကားအကြွေးတင်ရန် တားသော်လည်း ဘယ်သူမှမရပ်ပေးကြောင်း ပြောဆိုခဲ့တယ်။

သည်လိုနဲ့ ကျွန်တော်လည်း နေအိမ်ပြန်ပြီး မိသားစုအိပ် ခြင်ထောင်တစ်လုံး

ထမိန် အင်္ကျီ ခလေးအဝတ်အစားများ စားသောက်စရာများ ပေးခဲ့တယ်။

ကားသမားကိုလည်း ငွေကျပ်တစ်သောင်းနဲ့ ညှိပေးခဲ့ပြီး မိသားစုလမ်းမှာ စားဖို့ငွေကျပ်တစ်သောင်းထပ် ပေးကူညီလိုက်တယ် ပြောပြပါတယ်။

Credit