Knowledge

မိဘပိုက်ဆံနဲ့ ဂိမ်းဆော့ FBသုံးပြီး အချိန်ဖြုန်းနေကြတဲ့ ခေတ်ကြီးမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ မိ ဘကို လုပ်ကြွေးနေတဲ့ မန္တလေးမြို့က ၁၀နှစ်သားလေး

မိဘပိုက်ဆံနဲ့ ဂိမ်းဆော့ FBသုံးပြီး အချိန်ဖြုန်းနေကြတဲ့ ခေတ်ကြီးမှာ ငယ်ငယ်ရွယ်ရွယ်နဲ့

မိ ဘကို လုပ်ကြွေးနေတဲ့ မန္တလေးမြို့က ၁၀နှစ်သားလေး

ဒီနေ့ နေ့လည်တုန်းက ဆိုင်ကယ်နဲ့ မိန်းနားသွားရင်း ဘီးပေါက်ပါလေရော အဲ့ဒီတော့ တွန်းပေါ့

ပထမဆုံး တွေ့တဲ့ဆိုင်က အဖိုးကြီး တစ်ယောက် သူကကြည့်ပြီး ကျွတ်လဲရမှာတဲ့

ကလစ်ဆိုင်ကယ်မို့ သူမဖြုတ် ပေးနိုင်ဘူးတဲ့ခက်တယ်တဲ့ ဟုတ်တယ် Clickဆိုင်ကယ်တွေက နောက်ဘီးဖြုတ် ရတာခက်တယ်

ရှေ့နားမှာ ဘီးဖာတဲ့ဆိုင် ရှိတယ် တစ်ပြပဲ ဆိုတာနဲ့ ဆက်တွန်းသွားလိုက်တာ

၆၉ လမ်းနဲ့ ၃၉ လမ်းဆုံမှာ ဒီဆိုင်လေး တွေ့ပါလေရောဗျာ ဘီးဖာပေးတဲ့ ဆရာက အသက် ၁၀ နှစ်ဆိုတော့ ဟဖြစ်ပါ့မလားပေါ့

နာမည်က မင်းခန့်ကျော်တဲ့ ကျောင်းက ၄တန်းဖြေထားတယ်ဆိုပဲ Clickဆိုင်ကယ်ကို မပြီး

ဘီးကို တစ်ယောက်ထဲ အလွယ်တကူ ဖြုတ်လို့ ကျွတ်အသစ် လဲပေးတာများ

အတော်ကျွမ်းကျင်တာဗျ သူ့အဖေရဲ့ဆိုင်မှာ ကျောင်းပိတ်ရက်တွေ ကူလုပ်ပေးနေတာတဲ့

အသက် ၈နှစ်ကထဲက လာကူတာ အခုတော့ တော်တော်လေးကို ကျွမ်းကျင်နေပြီ

သူ့ဝမ်းသူ ကျောင်းနိုင်တဲ့ အသက်မွေး ပညာတတ်သွားပြီ ဒီနေရာမှာ ပြောချင်တာက

မိဘတိုင်း သားသမီးကို ခိုင်းပါ ငွေကြေးချမ်းသာတဲ့သူရော ဆင်းရဲတဲ့သူပါ

သားသမီးကို အလုပ်လုပ်ခိုင်းကြပါ အလုပ်လုပ်ခြင်းက လူကို ရင့်ကျက်စေပါတယ်။

ကိုယ်တိုင် အလုပ်လုပ်ပြီးရှာရတဲ့ ငွေရဲ့ တန်ဘိုးကို သိသွားတဲ့အတွက်

ဘယ်တော့မှ လမ်းမှား မရောက်တော့ဘူး
မပျင်းတော့ဘူး အခုခေတ် မိဘတွေ သားသမီးကို မခိုင်းကြဘူး

အိမ်က အကြွေးတင်နေပေမယ့် သားသမီးကြ ဖိနပ် သိန်းကျော်တန် ဆိုင်ကယ်အကောင်းစားကားအကောင်းစားနဲ့ ထားကြတယ်။

အဲ့ဒီတော့ သားသမီးက မိဘကို ကိုယ်ခြင်းလဲ မစာ လောကနိယာမတရားလဲ မသိ အလုပ်လဲ မလုပ်ချင် မိမိဘ ဝ အခြေအနေမှန်ကိုလဲ မသိနဲ့

ဟေးလားဝါးလား အသက်ကြီးပြီး မတိုးတက်ပဲ လူညွှန့်တုန်းရပါတယ်

အခုခေတ် ကလေးတွေ ပိုဆိုးပါတယ် Gameနဲ့ Facebookကို ဘဝထင်ပြီး တစ်ချိန်လုံး နှိပ်နေတယ် ကိုယ်ရှာတဲ့ ပိုက်ဆံနဲ့ ကိုယ်နှိပ်ရင် မပြောလိုပါဘူး

မိဘပိုက်ဆံနဲ့ နှိပ်တာတော့ လွန်ပါတယ်
အဲ့ဒီတော့ မိဘများ သား သမီးကို ချစ်တယ်ဆို

များများ ခိုင်းကြပါ ဒါမှ သူတို့ ဘ ဝတွေ တိုးတက်မှာပါ ငွေပုံကြီး ပေးထားလဲ

အချိန်တန် ကုန်သွားမှာပါ ငွေရှာနည်း သင်ပေးလိုက်ရင် တစ်သက် မကုန်တော့ပါဘူး

ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ကြိုးစားနေတဲ့ လူတော်လေး မောင်မင်းခန့်ကျော်ကို

အားပေးချင်ရင်တော့ ၆၉ လမ်းနဲ့ ၃၉ လမ်းဒေါင့်မှာ ရှိတဲ့ သူ့ဆိုင်မှာ တာယာလဲတာ

လေချိန်တာ ဘီးဖာတာတွေ လုပ်ပေးနေပါတယ်လို့ ပြောချင်ပါတယ်။

Credit