Local News

လှည်းတန်း​​ကျောင်း​ရှေ့တွင် ကျဆုံးသွားခဲ့​သော ညီညီ​အောင်ထက်နိုင်၏ မိခင် ဖြစ်သူ ​ဒေါ်ဝင်းမာ ကို Online​ပေါ်တွင် တရားမဝင် ပုဇွန်​ခြောက်​ရောင်းသည်ဟု ဆိုကာ စစ်​ကောင်စီမှ ဖမ်းဆီး

လှည်းတန်း​​ကျောင်း​ရှေ့တွင် ကျဆုံးသွားခဲ့​သော ညီညီ​အောင်ထက်နိုင်၏ မိခင် ဖြစ်သူ ​ဒေါ်ဝင်းမာ ကို Online​ပေါ်တွင် တရားမဝင် ပုဇွန်​ခြောက်​ရောင်းသည်ဟု ဆိုကာ စစ်​ကောင်စီမှ ဖမ်းဆီး

ရန်ကုန်မြို့က စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲများမှာ လှည်းတန်း လမ်းမကမာရွတ်​ ​ကျောင်း​ရှေ့မှာ ရင်ဘတ် ကျည်ထိမှန်ပြီး ​

ကျဆုံးခဲ့ရတဲ့ ကို ညီညီအောင်ထက်နိုင်ရဲ့ မိခင်ဖြစ်သူကို ဒီက​နေ့ စက်တင်ဘာလ၁ရက်နေ့မှာ

စစ်ကောင်စီတပ်တွေက နေအိမ်မှာလာရောက်ဖမ်းဆီးခဲ့တယ်လို့ အနီးအနား နေထိုင်သူတွေကပြောပါတယ်။

ရွှေပြည်သာမြို့နယ် လှော်ကားလမ်းမှာရှိတဲ့ ကိုညီညီအောင်ထက်နိုင်တို့ နေအိမ်ကို စစ်ကောင်စီတပ်တွေက ဒီကနေ့မနက်ပိုင်းက ဝင်ရောက်ပြီး

ကိုညီညီအောင်ထက်နိုင်ရဲ့ အကိုဖြစ်သူ ကိုကိုအောင်ထက်နိုင်ကို ဝင်ရောက်ဖမ်းဆီးရာမှာ

မတွေ့တာကြောင့် မိခင်ဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ ရပ်ကွက်အတွင်းနေထိုင်သူတွေက ပြောပါတယ်။

မနက် ကိုးနာရီခွဲလောက် ကတည်းကစစ်ကောင်စီအင်အား ၄၀ လောက်နဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ရာအိမ်မှူးတွေနဲ့ အတူ

လာတာ အိမ်ထဲမှာအကြာကြီးပဲ ဘာတွေလုပ်နေလဲမသိဘူး သူ့အမေဆီက ဖုန်းတွေယူပြီး သူ့သားအကြီး ကိုကိုအောင်ထက်နိုင်ကို

လာအဖမ်းခံဖို့ ဖုန်းဆက်နေတာလည်း ကြားတဲ့လူတွေက ကြားတယ် ၁၂နာရီ ခွဲလောက်မှာတော့ သူတို့အမေ ဒေါ်ဝင်းမာကို

ဖမ်းခေါ်သွားတယ် လို့ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောပါတယ် လက်ရှိမှာ ကိုညီတို့ အ​မေဟာ အိမ်စားရိတ်နဲ့  စား​ရေး​သောက်​ရေး

တို့အတွက် Facebookမှ ​နေ၍ ဝင်းစား​သောက်ကုန် တံဆိပ် နဲ့ ပုဇွန်​ခြောက် ​ရောင်း​ချ​နေတာဖြစ်ပြီး ကျဆုံးအာဇာနည်ကို ချစ်မြတ်နိုးကြတဲ့

ပြည်သူ​တွေက တခဲနက် ဝယ်ယူအား​ပေးကြသဖြင့် လူကြိုက်များ နာမည်​ကျော်​နေတာကိုလည်း ​တွေ့ရှိရပါတယ်။

စစ်​ကောင်စီ၏ အ​ကြောင်းပြချက်က ကိုကို​အောင်ထက်နိုင်တို့ သားအမိ သည် တရားမဝင် ပုဇွန်​ခြောက်​ ရောင်းဝယ်မှု ပြုသည်ဟု ဆိုသည့်

အ​ကြောင်း ပြချက်ဖြင့် ဖမ်းဆီးခဲ့တယ်လို့ အနီးနား​နေ ပြည်သူတို့က ​ပြောပါတယ်။

ကိုညီညီအောင်ထက်နိုင်ရဲ့ဖခင်ဖြစ်သူဟာ ရွှေပြည်သာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရပ်ကျေး ဥက္ကဋ္ဌဟောင်းဖြစ်ပြီး

သားဖြစ်သူ သေဆုံးမှုအပြီးမှာ သားအကြီးဖြစ်သူ ကိုကိုအောင်ထက်နိုင်နဲ့အတူ နေအိမ်ကနေ ရှောင်တိမ်း နေတာကြာပြီလို့ ရပ်ကွက်အတွင်းနေထိုင်သူတွေက ပြောခဲ့ပါသည်။

Credit