Local News

ကျန်းမာရေးဆိုင်ရာဗဟုသုတတွေကို ဖြန့်ဝေပြောကြားပေးနေတဲ့ ဒေါက်တာမြင့်ဦး GPကွယ်လွန်

ရုပ်သံဌာနတွေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ကျန်းမာရေးဆိုင်ရာတွေနဲ့ အထူးသဖြင့်

ကိုဗစ်ရောဂါနဲ့ ပတ်သက်တဲ့ ကျန်းမာရေးဗဟုသုတတွေကို ဖြန့်ဝေပြောကြားပေးတဲ့

ဒေါက်တာမြင့်ဦး ဒီကနေ့ ဇူလိုင် ၃၀ရက် မနက် အစောပိုင်းက ဂျပန်ဆေးရုံကြီးလို့ လူသိများတဲ့

ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရင်း ကွယ်လွန်ခဲ့တယ်လို့ သမီးဖြစ်သူက အတည်ပြုပါတယ်။

Save Myanmar ChildernFoundationရဲ့ဦးဆောင်သူတစ်ဦး လည်းဖြစ်တဲ့ ဒေါက်တာမြင့်ဦး ဟာ ကွယ်လွန်ချိန်မှာ အသက် ၆၇ နှစ် ရှိပြီဖြစ်ပါတယ်။

ဒေါက်တာမြင့်ဦး ဟာ ကိုဗစ်ကူးစက်မှုခံရပြီးတဲ့နောက် နှစ်ပတ်ကျော် ဆေးရုံတက်ရောက် ကုသပြီးအောက်ဆီဂျင်ကျပြီး ဆုံးပါးခဲ့ရတာလို့ သိရပါတယ်။

ဒေါက်တာမြင့်ဦးဟာ ကျန်းမာရေးဆိုင်ရာတွေအတွက် အမြဲတက်တက်ကြွကြွနဲ့ အသိပညာဖြန့်ဝေသူဖြစ်လို့ အများပြည်သူက

သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာ ဝမ်းနည်းကြောင်းရေးသား နေကြသလို ဆေးလောက

အသိုင်းအဝိုင်း အတွက်လည်း ဆုံးရှုံးမှုတစ်ခုလို့ပြောဆို ရေးသားနေကြပါတယ်။

Credit