Local News

ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်တို့ ယနေ့တွေ့ဆုံ

စစ်အာဏာသိမ်းပြီး​နောက် ဖမ်းဆီးထိန်းသိမ်းခံ ထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်

ဒေါ်အောင်ဆန်းစုကြည်နှင့် အာဏာသိမ်း စစ်ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့ တွင် တွေ့ဆုံခဲ့ကြောင်း

တပ်မတော်အရာရှိ အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးထံမှသိရသည်။

အဆိုပါတွေဆုံမှမှာ အာဏာသိမ်းပြီးနောက် ၅
လကျော်အတွင်း ပထမဦးဆုံးအကြိမ်

တွေ့ဆုံမှုဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်အနေဖြင့် မည်သည့်အကြောင်းကိစ္စဖြင့်

သွားရောက်တွေ့ဆုံသည်ကို မသိရသေးကြောင်း သိရသည်။

အန်တီနဲ့က ကျွန်မတို့က ရုံးချိန်းရှိတဲ့နေ့မှ အ ဆက်အသွယ်ရတာ။

ခုမေးတဲ့ဟာကိုတော့ ကျွန်မတို့လည်း မသိရသေးဘူး ဟု ဒေါ်အောင်ဆန်းစုကြည်၏

ရှေ့နေအဖြစ်ဆောင်ရွက်နေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းမာလာညွန့်က ပြောဆိုသည်။

ယခုရက်ပိုင်းအတွင်း အမေရိကန်ပြည်ထောင်စုနှင့် အာဆီယံတွေ့ဆုံပွဲသို့

စစ်ကောင်စီမှ ခန့်အပ်ထားသည့် နိုင်ငံခြားရေးဝန်ကြီး ဦဝဏ္ဏမောင်လွင် တက်ရောက်ခဲ့သော်လည်း

တွေ့ဆုံပွဲတွင် ဆွေးနွေးခဲ့မှုများကို စစ်ကောင်စီဘက်မှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်းမရှိခဲ့ပါ။

Credit