Local News

အိုးအိမ်စွန့်ခွာ သွားရတဲ့ တိုင်းရင်းသား မောင်နှမများ အတွက်တတ်နိုင် သလောက် ဆက်သွယ်လှူဒါန်းသွားမယ့် နော်ဖော်အယ်ထား

သရုပ်ဆောင်မော်ဒယ် တစ်ယောက်ဖြစ်တဲ နော်ဖော်အယ်ထားကတော့ လတ်တလော ဖြစ်ပေါ်နေတဲ့

အခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ ရပ်တည်ပေးနေတာလည်းဖြစ်ပါတယ်။

သူမရဲ့လူမှုကွန်ယက်စာမျက်နှာ မှတစ်ဆင့်လည်းအချိန်နဲ့အမျှ

အရေးကြီးတဲ့သတင်းအချက် အလက်တွေအားဝေမျှပေးနေတာလည်းဖြစ်ပါတယ်။

အခုမှာလည်းအိုးအိမ်စွန့်ခွာသွားရတဲ့တိုင်းရင်းသားမောင်နှမများအတွက်စိတ်မကောင်းဖြစ်နေပြီး

တတ်နိုင်သလောက်လှူဒါန်းသွားမယ့်အကြောင်းကိုနော်ဖော်ရဲ့

Facebook Pageတွင်အခုလိုပဲရေးသားထားတာပဲဖြစ်ပါတယ်။

ခုချိန်မှာအိုးအိမ်ကိုစွန့်ခွာသွားရတဲ့စစ်ဘေးရှောင်ကရင်ကချင်နှင့်တိုင်းရင်းသား

မောင်နှမများအတွက်လွန်စွာစိတ်မကောင်းဖြစ်မိပါတယ်။

အခုတော့ကျွန်မချစ်ရတဲ့သူတွေအတွက်နှလုံးသားကျိုးပဲ့

ကြေမွပြီးငိုကြွေးမြည်တမ်းရတဲ့အချိန်ကိုရောက်လာခဲ့ပါပြီ။

မြန်မာပြည်တစ်ခုလုံးပူဆွေးဝမ်းနည်းနေရချိန်မှာဒေသအသီးသီးကအသက်စွန့်ရသူတွေနဲ့

ဒုက္ခိတဖြစ်ရသူတွေရဲ့မိသားစုတွေ၊စစ်ဘေးကိုရှောင်ပုန်းပြေးနေရတဲ့လူမမယ်ကလေးငယ်တွေနဲ့

အသက်အရွယ် ကြီးရင့်သူတွေ နာမကျန်းဖြစ်သူ တွေနဲ​ပြိုကွဲ

ပျက်စီးသွားတဲ့မိသားစုတွေရဲ့ဘဝဟာသိပ်ကိုခါးသီးလွန်းပါတယ်။

နှစ်ပေါင်း(၇၀)လောက်ကြာ ခဲ့ပြီဖြစ်တဲ့ ဒီခါးသီးမှုနဲ့ဒုက္ခတွေဟာ ဒီတစ်ကြိမ်နောက်ဆုံးဖြစ်ဖို့

ကျွန်မဆုတောင်းနေမိ တယ်ကိုယ်တတ် နိုင်တဲ့ဘက်ကနေဆက်သွယ်လှူဒါန်း

ကူညီစောင့်ရှောက်သွားမှာမို့လှူဒါန်းလို့တဲ့နေရာတွေရှိရင်ပြောပြပေးပါနော်။

ကိုယ်တိုင်သွားရောက်လှူဒါန်းချင်ပေမဲ့အခြေအနေအရသွားလာဖို့အဆင်မပြေတာမို့သွားလို့ရတဲ့

တစ်နေ့ကျရောက်အောင်လာခဲ့ပါ့မယ်လို့ကတိပြုချင်ပါတယ်ဆိုပြီးရေးသားထားတာပဲဖြစ်ပြီး

ပရိသတ်တွေအတွက်ဒီသတင်းကိုတစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Crd